“အောင်ဆန်းစုကြည်၏ အကြောက်တရားမှ လွတ်မြောက်ခြင်းအား သမ္မာကျမ်းစာ ရှုထောင့်မှ ဖတ်ရှုခြင်း”
Author |
---|
$0.00
Description
ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံ ရောနှော နေထိုင်သော တိုင်းပြည်ဖြစ်သည်။ ထို တိုင်းရင်းသား လူမျိုးများ သည် သမိ်ုင်းအကြောင်းအရ သော်လည်းကောင်း၊ လူမျိုးရေးအရ သော် လည်းကောင်း၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ကိုးကွယ် ယုံကြည်မှုအရ သော်လည်းကောင်း မတူ ကွဲပြားနေကြပါသည်။ ထို မတူကွဲပြားမှုများကို အပြန်အလှန် လေးစားအသိအမှတ်ပြုရန် လိုအပ်ပါသည်။ ထိုသို့ လေးစား အသိအမှတ်ပြုမှသာ တိုင်းရင်းသားလူမျိုး အချင်းချင်းအကြား ညီညွှတ်မျှတသော စည်းလုံးညီညွှတ်ရေးကို တည်ဆောက်နိုင်ပေမည်။
တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့်တစ်မျိုး အကြား အပြန်အလှန် လေးစား အသိအမှတ်ပြု၍ နားလည်မှုဖန်တီးရန် အခြေခံ လိုအပ်ချက်မှာ လူမျိုး တစ်မျိုး၏ အကြောင်းကို အခြားလူမျိုးက သိရှိနားလည်ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ သိရှိနားလည်ရန် အချင်းချင်း အကြောင်းကို သင်ကြား လေ့လာရန် လိုအပ်ပါသည်။ သို့ရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးအချင်းချင်းအကြား လေ့လာသင်ကြားခြင်း မရှိသလောက် နည်းပါးနေ သည်။ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်စနစ်တို့၏ အပြန်အလှန် အားပြိုင်မှု ကြောင့် တိုင်းရင်းသား လူမျိုးအကြောင်းကို လေ့လာသင်ကြားရန် မဆို ထားဘိ၊ ထိုလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု တိမ်ကော ပပျောက်ရေးကိုပါ နိုင်ငံရေးလမ်းစဉ်တစ်ရပ်အဖြစ် ကျင့်သုံးခဲ့ကြောင်းဝမ်းနည်းစွာ တွေ့ကြုံခဲ့ရပါသည်။
အနှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်ကို ရပ်စဲ၍ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းများကို အထောက်အကူပြုရန် တိုင်းရင်းသား လူမျိုးရေးရာ သုတေသနအသင်းကို တည်ထောင်ခဲ့သည်။ ထိုအသင်းမှ တိုင်းရင်းသား လူမျိုးရေးရာ စာအုပ်စာတမ်းများကို ကြိုးစားပမ်းစား ထုတ်ဝေလျက်ရှိပါသည်။ ထိုအစီအစဉ်တွင် ယခု ဒေါက်တာဗန်ကုန်း ရေးသား ပြုစုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကြောက်တရားမှ လွတ်မြောက်ခြင်းအား သမ္မာကျမ်းစာ ရှုထောင့်မှ ဖတ်ရှုခြင်းစာအုပ်ကို ထုတ်ဝေလိုက် ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းသိပြည်သိ၊ ကမ္ဘာသိ လူထု ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုတွင် သူမ၏ ကိုယ်ပိုင် တွေးခေါ်ယူဆချက်များနှင့် ယုံကြည်ချက်များကို အကြောက်တရားမှ လွတ်မြောက်ခြင်း (Freedom From Fear) နှင့် The Voice of Hope စာအုပ်များတွင် တစေ့တစောင်း ဖေါ်ပြခဲ့ပါသည်။ ယင်းစာအုပ်များ အနက် Freedom From Fear စာအုပ်မှ ဒေါ်စု၏ အမြင်ကို ဒေါက်တာဗန်ကုန်းက ခရစ်ယာန် ဓမ္မစာအုပ်ရှုထောင့်မှ လေ့လာ ဖတ်ရှုနေခြင်းပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ဦး ဖြစ်သည်။ ဒေါက်တာဗန်ကုန်းသည် ခရစ်ယာန်ဘာသာဝင် ချင်းအမျိုးသား တစ်ဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ တိုက်ပွဲကိုဦးဆောင်နေသော နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ဒေါက်တာဗန်ကုန်းသည်ခရစ်ယာန် သင်းအုပ်ဆရာ ဓမ္မပညာရှင်တစ်ပါး ဖြစ်သည်။ ထိုမတူကွဲပြားမှု များကို နောက်ခံထားရှိ၍ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား အသိအမှတ်ပြုခြင်းဖြင့် တစ်ဦးအကြောင်းကို တစ်ဦးက လေ့လာ ဖတ်ရှုနေ ခြင်းဖြစ်ပါသည်။ ယင်းသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင် သော တိုင်းပြည်တွင် အထူး လိုအပ်နေသည့် ကြိုးပမ်း လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သုံးသပ်မိပါသည်။ ချင်း အကြောင်းကို ဗမာနှင့်တကွ အခြား တိုင်းရင်းသားများ သိရှိရန်လိုသည်။ ဗုဒ္ဓဘာသာဝင်အကြောင်းကို ခရစ်ယာန်
ဘာသာဝင်များ၊ မူဆလင် ဘာသာဝင်များ သိရှိရန်လိုအပ်သည်။ ထိုနည်းတ ခရစ်ယာန်၊ ဟိန္ဒူနှင့် မူဆလင် ဘာသာများကိုလည်း ဗုဒ္ဓဘာသာဝင်များ သိရှိ နားလည်ရန် လိုအပ်ပါသည်။ သို့မှသာ ဤတိုင်းပြည်တွင် မတူသော ဘာသာဝင်များ အကြား အပြန်အလှန် လေးစား အသိအမှတ်ပြုခြင်း အမှန် တကယ် ဖြစ်ပေါ်လာနိုင်မည်။
ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးအချင်းချင်း၊ ဘာသာ မတူသောယုံကြည်သူများ အချင်းချင်း အပြန်အလှန် လေးစား အသိအမှတ်ပြုခြင်းကို ဤစာအုပ်က ပံ့ပိုး အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်မိ ပါသည်။
ဒေါက်တာ လျန်မှုန်းဆာခေါင်း
ညွှန်ကြားရေးမှုး
တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း
ရန်ကုန်မြို့။
၂၀၁၅- အောက်တိုဘာ (၂၇) ရက
(ဂရင်းဟေးလ် ဟော်တယ်)
Additional information
Author | |
---|---|
Format | |
Language | |
Pages | 208 |
Publisher | The Centre for Development and Ethnic Studies (CDES) |
Year Published |
You must be logged in to post a review.
Related products
-
$0.00
-
$0.00
-
Featured
Keneh: Lenhloi Khawmhsuat
Author Select options This product has multiple variants. The options may be chosen on the product page$6.00
Reviews
There are no reviews yet.